အရောင်းအဝယ်
နောက်ထပ်
Binance ETH ရင်းနှီးမြှုပ်နှံခြင်း
နေ့စဉ် တိုးပွားနှုန်းကို ရယူပြီး သင့် ရင်းနှီးမြှုပ်နှံခြင်းကို ကောင်းစွာအသုံးချပါ
စတင်ရန် လွယ်ကူသည်။
လုံခြုံမှုနှင့် ပွင့်လင်းမြင်သာမှု
ရင်းနှီးမြှုပ်နှံထားသော ETH ကို ကောင်းစွာအသုံးချလိုက်ပါ
အလွယ်တကူ နုတ်ထွက်နိုင်သော မူဝါဒ
--
ကိုးကား APR
1 WBETH ≈ -- ETH
ငွေလဲနှုန်းအချိုး
-- ETH
ရင်းနှီးမြှုပ်နှံမှုတန်ဖိုးစုစုပေါင်း

အဆင့် 3 ဆင့်ဖြင့် စတင်ငွေရှာလိုက်ပါ

1
ETH ရင်းနှီးမြှုပ်နှံပါ
ETH ကို ရင်နှီးမြှုပ်နှံပြီး နေ့စဉ်ငွေလဲအချိုးပေါ် အခြေခံ၍ WBETH ကို ရယူပါ။
2
နေ့စဉ်ဆုလက်ဆောင်များ ရယူပါ။
WBETH ကို ကိုင်ထားခြင်းဖြင့် သို့မဟုတ် သင်၏ WBETH ကို ပုံစံမျိုးစုံ အသုံးပြုခြင်းဖြင့် တိုးပွားရယူပါ။
3
ETH အဖြစ် အလွယ်တကူ ပြန်ယူနိုင်ခြင်း
WBETH ကို ETH အဖြစ် ပြန်ယူမည်။

WBETH ဆိုတာဘာလဲ

Wrapped Beacon ETH (WBETH) ဆိုသည်မှာ သင် ရင်းနှီးမြှုပ်နှံထားသော Ethereum (ETH)နှင့် ရင်းနှီးမြှုပ်နှံရာမှ ရရှိသည့် ဆုလက်ဆောင်တို့ကို ရောင်းဝယ်နိုင်၊ လွှဲပြောင်းနိုင်သည့် ပုံစံဖြင့် ရရှိခြင်းကို ကိုယ်စားပြုသည်။ Binance ထုတ်ကုန်များနှင့် Defi ပရောဂျက်များတွင် သုံးစွဲနေသောအချိန်များ၌ပင် ETHနှင့် အပြိုင် တန်ဖိုးတက်စေခြင်းဖြင့် ETH ရင်းနှီးမြှုပ်နှံရာမှ ရရှိသော ဆုလဒ်ဆောင်များကို WBETH က စုဆောင်းပေးပါသည်။

WBETH ကို အကောင်းဆုံးအသုံးချပါ

မေးလေ့ရှိသော မေးခွန်းများ
WBETH နှင့် ETH ရင်းနှီးမြှုပ်နှံခြင်း
BETH
1
ETH ရင်းနှီးမြှုပ်နှံမှု ဆိုတာဘာလဲ။
Ethereum ကွန်ရက်သည် “အရင်းအနှီးထည့်ဝင်ခြင်း သက်သေပြပုံစံ (PoS)” ကွန်ရက်တစ်ခုဖြစ်ပြီး ETH ကိုင်ဆောင်သူများအနေဖြင့် ကွန်ရက်လုံခြုံစေရန်နှင့် ဆုလက်ဆောင်များရယူရန် ၎င်းတို့၏ ETH အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံနိုင်သော နေရာလည်းဖြစ်သည်။ သို့သော် Ethereum ကွန်ရက်မှတဆင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံရာတွင် အနည်းဆုံး 32 ETH လိုအပ်သည့်အပြင် ဘလော့ချိန်း ချိတ်ဆက်ပစ္စည်းများ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့ လိုအပ်ပါသည်။
Binance သည် သုံးစွဲသူများအတွက် ချိတ်ဆက်ပစ္စည်းများ အသုံးပြုခြင်းအပြင် ဆုလက်ဆောင်များ ရယူရန် အနည်းဆုံး 0.0001 ETH မှစ၍ ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်းဖြင့် အတားအဆီးများကို လျှော့ချပေးသည်။ ETH ကို Binance မှတစ်ဆင့် ရင်းနှီးမြှုပ်နှံသောအခါ သင် ရင်းနှီးမြှုပ်နှံထားသည့် ETH နှင့် ဆုလက်ဆောင်များကို တိုကင်အဖြစ်ပြောင်း၍ ဖော်ပြထားသော WBETH ရရှိပါမည်။
2
WBETH ဆိုတာ ဘာလဲ၊ အဲဒါကိုသုံးပြီး ငါ ဘာလုပ်နိုင်မလဲ။
Wrapped Beacon ETH (WBETH) ဆိုသည်မှာ သင် ရင်းနှီးမြှုပ်နှံထားသော ETH နှင့် ရင်းနှီးမြှုပ်နှံရာမှ ရရှိသည့် ဆုလက်ဆောင်တို့ကို ရောင်းဝယ်နိုင်၊ လွှဲပြောင်းနိုင်သည့် ပုံစံဖြင့် ရရှိခြင်းကို ကိုယ်စားပြုသည်။
သာမန်ရင်းနှီးမြှုပ်နှံမှု၌ သင့်အစုရှယ်ယာပိုင်ဆိုင်မှုများကို သောခတ်သွားမည်ဖြစ်၍ ၎င်းတို့ကို အခြားရည်ရွယ်ချက်များအတွက် အသုံးမပြုနိုင်ပါ။ ၎င်းသည် သုံးစွဲသူတစ်ဦး၏ အခွင့်အလမ်းကုန်ကျစရိတ်ကို တိုးစေသည်။
တစ်နည်းအားဖြင့် ရင်းနှီးမြှုပ်နှံထားသော ETH အနေအထားကို ရောင်းချရာ၌ဖြစ်စေ၊ လွှဲပြောင်းရာ၌ဖြစ်စေ၊ အသုံးပြုရာ၌ဖြစ်စေ ပြောင်းလဲအသုံးချနိုင်စွမ်းကို WBETH က ပံ့ပိုးပေးပါသည်။ သင်သည် WBETH ကို ကိုယ်ပိုင်ပိုက်ဆံအိတ်တစ်ခုသို့ ရွှေ့ပြီး ဆုလက်ဆောင်များ ဆက်လက်ရယူကာ Binance ပလက်ဖောင်းပြင်ပတွင် အသုံးပြုနိုင်သည်။
WBETH သည် အခြား Binance ထုတ်ကုန်များ သို့မဟုတ် ပြင်ပ DeFi အက်ပလီကေးရှင်းများတွင် အသုံးပြုသည့်တိုင် ရင်းနှီးမြှုပ်နှံသည့် ဆုကြေးများကို စုဆောင်းပါသည်။
နောက်ထပ် နမူနာများအတွက် ဤနေရာတွင် သွားရောက်ကြည့်ရှုပေးပါ။
3
ဘာကြောင့် APR က ပြောင်းလဲနေပါသလဲ။ APR ကို ဘယ်လို တွက်ချက်ပါသလဲ။
ဘလော့ချိန်းအတွင်း လှုပ်ရှားမှုများ၊ အများသဘောဆန္ဒ ဆုလက်ဆောင်များ စသည်တို့အပါအဝင် အကြောင်းအချက်အမျိုးမျိုးကြောင့် ဘလော့ချိန်းတွင်း Ethereum ရင်းနှီးမြှုပ်နှံမှု ဆုလက်ဆောင်များ အတက်အကျရှိခြင်း၏ နောက်ဆက်တွဲအနေဖြင့် ETH ရင်းနှီးမြှုပ်နှံမှု APR သည် ပြောင်းလဲနိုင်ပါသည်။ ထုတ်ကုန် ရေရှည်တည်တံ့စေရန်အတွက် ဆုလက်ဆောင်ပေါ်တွင် ကော်မရှင်ခ ကောက်ခံပါသည်။ ဘလော့ချိန်းတွင် ဆုလက်ဆောင်များ ထုတ်ပေးပြီးနောက် Binance ETH Staking သုံးစွဲသူများကို T+1 ရက်အခြေခံဖြင့် ဆုလက်ဆောင်များ ဖြန့်ဝေပေးပါသည်။
4
ကျွန်ုပ် ရင်းနှီးမြှုပ်နှံထားသော ETH ပမာဏအတွက် ရရှိသော WBETH ပမာဏသည် အဘယ်ကြောင့် လျော့နည်းနေရသနည်း။ WBETH:ETH ငွေလဲနှုန်းအချိုးသည် အဘယ်ကြောင့် 1:1 မဟုတ်သနည်း။
ETH ကို WBETH တွင် ထည့်သွင်းခြင်းဖြင့် သင်၏ ETH လက်ကျန်ကို လျော့နည်းစေမည်မဟုတ်ပါ။ သင့် ETH နှင့် ရရှိထားသော ဆုလက်ဆောင် နှစ်ခုစလုံးကို ထုတ်ယူရာတွင် သက်ဆိုင်ရာ ငွေလဲနှုန်းအချိုးကို အခြေခံ၍ ပြန်လည်ရယူနိုင်ပါသည်။
WBETH:ETH အချိုးသည် 1:1 မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် 1 WBETH သည် ရင်းနှီးမြှုပ်နှံထားသော 1 ETH နှင့် 2023-04-27 08:00 (UTC) ကတည်းက ရင်းနှီးမြှုပ်နှံရာမှ ရရှိထားသော ဆုလက်ဆောင်များကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ဆုလက်ဆောင်များ စုဆောင်းမှုကြောင့် 1 WBETH ၏တန်ဖိုးသည် 1 ETH ထက် တဖြည်းဖြည်း ကျော်လွန်သွားပါသည်။ ရင်းနှီးမြှုပ်နှံထားသော ETH မှရရှိသော ဆုလက်ဆောင်များကို ထင်ဟပ်စေရန် အချိုးကို နေ့စဉ် အပ်ဒိတ်လုပ်ပါသည်။
ဥပမာ*:
22 ဇူလိုင်လ 2023 တွင် WBETH:ETH ငွေလဲခြင်းအချိုးသည် 1:1.01004105 ဖြစ်ခဲ့သည်။ အသုံးပြုသူတစ်ဦးသည် 10 ETH ရင်းနှီးမြှုပ်နှံသောအခါ 9.90058770 WBETH ရရှိပါမည်။
ETH ရင်းနှီးမြှုပ်နှံမှု ဆုလက်ဆောင်များကို စုဆောင်းပါ၊ သုံးစွဲသူ၏ WBETH တန်ဖိုးသည် ETH အရ တန်ဖိုးပိုတက်လာပါသည်။ သုံးလအကြာ 2023 ခုနှစ် အောက်တိုဘာလ 23 ရက်နေ့တွင် WBETH:ETH ငွေလဲနှုန်းအချိုးသည် 1:1.01980774 သို့ တိုးလာသည်။
သုံးစွဲသူသည် ထိုနေ့တွင် ၎င်းတို့၏ WBETH ကို ပြန်ယူပါက ၎င်းတို့ ရင်းနှီးမြှုပ်နှံသည့် ပမာဏနှင့် ရရှိထားသော ဆုလက်ဆောင်များ အပါအဝင် 10.09669596 ETH ကို လက်ခံရရှိမည်ဖြစ်သည်။
*အထက်ပါနံပါတ်များသည် သရုပ်ပြရန်အတွက်သာဖြစ်သည်။ အမှန်တကယ်အခြေအနေသည် ရင်းနှီးမြှုပ်နှံ/ပြန်ယူချိန်ရှိ ငွေလဲနှုန်း၊ WBETH ကိုင်ဆောင်သည့်ကာလနှင့် ဘလော့ချိန်းပေါ်ရှိ ETH ရင်းနှီးမြှုပ်နှံမှု APR စသည်တို့အပေါ် မူတည်ပါသည်။
5
WBETH:BETH ငွေလဲနှုန်းသည် မည်မျှအကြာတွင် ပြောင်းလဲ/ပြင်ဆင်လေ့ရှိပါသနည်း။
နေ့စဉ် 23:45 - 00:15 (UTC+0) အတွင်း

WBETH:BETH ငွေလဲနှုန်းထားကို ပြင်ဆင်နေစဉ် အဆိုပါ ထည့်ဝင်ခြင်း/ရယူခြင်း လုပ်ဆောင်ချက်ကို အဆိုပါကာလအတွင်း ခေတ္တရပ်ဆိုင်းထားကြောင်း သတိပြုပါ။
6
ငွေလဲနှုန်း အချိုးသည် တစ်သမတ်တည်းလား သို့မဟုတ် အပြောင်းအလဲရှိပါသလား။
WBETH ၏ တန်ဖိုးမြင့်တက်လာမည်ဖြစ်ပြီး ၎င်းကို WBETH:BETH ငွေလဲနှုန်း၏ အသစ်ပြင်ဆင်ချက်တိုင်းတွင် ဖော်ပြထားမည်ဖြစ်သည်။ သို့သော် ပြင်ဆင်ချက်တိုင်းရှိ အမှန်တကယ်တန်ဖိုးမြင့်တက်မှုမှာ ဘလော့ချိန်းပေါ်ရှိ ETH ရင်းနှီးမြှုပ်နှံမှု APR ပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။
7
စျေးကွက်မှဝယ်ယူသော WBETH တွင် ဆုလက်ဆောင်များ ကျွန်ုပ်ရရှိနိုင်ပါသလား။
မှန်ပါသည်။ဈေးကွက်တွင်း ဝယ်ယူရာမှ ရရှိလာသော သို့မဟုတ် အိတ်ချိန်းအတွင်း ငွေသွင်းရာမှ ရရှိလာသော သို့မဟုတ် Binance ETH ရင်းနှီးမြှုပ်နှံရာမှ ရရှိလာသော စုလက်ဆောင်များကို WBETH က စုဆောင်းပေးပါသည်။
8
ကျွန်ုပ်၏ ရင်းနှီးမြှုပ်နှံမှု ဆုလက်ဆောင်များကို မည်သည့်အချိန်တွင် မည်သို့ လက်ခံရရှိမည်နည်း။
WBETH ကိုင်ဆောင်ခြင်းသည် ရင်းနှီးမြှုပ်နှံထားသော ETH အပြင် ရင်းနှီးမြှုပ်နှံထားသော ဆုလက်ဆောင်များပါ ရရှိမည်ဟု အဓိပ္ပာယ်ရပါသည်။ ဆုလက်ဆောင်များကို သင်၏ Spot Wallet သို့ တိုက်ရိုက် ဖြန့်ဝေမည်မဟုတ်ပါ။ ယင်းအစား ရရှိသော ဆုလက်ဆောင်များသည် စုဆောင်းပြီး WBETH ၏တန်ဖိုးကို တိုးစေသည်။ ဤတိုးလာသောတန်ဖိုးသည် WBETH:ETH ငွေလဲနှုန်းအချိုးကို (--) တွင် ထင်ဟပ်ပြသပါသည်။ သင်ရရှိခဲ့သော ဆုလက်ဆောင်မှတ်တမ်းကို ETH တန်ဖိုးဖြင့် ကြည့်ရှုလိုပါက Binance ETH ရင်းနှီးမြှုပ်နှံမှု စာမျက်နှာ၏ WBETH ဆုလက်ဆောင် မှတ်တမ်း တွင် သွားရောက် ကြည့်ရှုနိုင်ပါမည်။
BETH အတွက် ရင်းနှီးမြှုပ်နှံမှု ဆုလက်ဆောင်များကို သင်၏ Spot Wallet သို့ BETH ပုံစံဖြင့် နေ့စဉ်နေ့တိုင်း 04:00 မှ 10:00 (--) အတွင်း ဖြန့်ဝေပါမည်။
9
ကျွန်ုပ်၏ အရင်းအနှီးလက်ကျန်ငွေကို မည်သည့်နေရာတွင် ကြည့်နိုင်သနည်း။
သင်ရင်းနှီးမြှုပ်နှံထားသည့် ETH လက်ကျန်စာရင်းကို သင့် Binance အကောင့်သို့ ဝင်ရောက်ပြီး Binance ETH ရင်းနှီးမြှုပ်နှံခြင်း စာမျက်နှာသို့ သွားရောက်ကြည့်ရှုနိုင်သည်။
10
ကျွန်ုပ်ရင်းနှီးမြှုပ်နှံမှု ဆုလက်ဆောင် မှတ်တမ်းများကို မည်သည့်နေရာတွင် ကြည့်ရှုနိုင်မည်နည်း။
သင့် Binance အကောင့်သို့ ဝင်ရောက်ပြီး Binance ETH ရင်းနီးမြှုပ်နှံခြင်းသို့ သွားရောက်ကာ သင်စုဆောင်းထားသော ဆုလက်ဆောင်များကို ကြည့်ရှုနိုင်ပါသည်။

BETH ဆုလက်ဆောင်များအတွက်၊ ETH ရင်းနှီးမြုပ်နှံမှု မှတ်တမ်း ကိုလည်း စစ်ဆေးနိုင်ပါသည်။
11
ကျွန်ုပ် ရင်းနှီးမြှုပ်နှံထားသည့် ETH ကို မည်သို့ ပြန်ယူနိုင်မည်နည်း။
သင်၏ ရင်းနှီးမြှုပ်နှံထားသော ETH ကို Binance ETH ရင်းနှီးမြှုပ်နှံမှုပေါ်ရှိ ETH အဖြစ် ပြန်ယူနိုင်သည်။
WBETH ကိုင်ဆောင်သူများသည် သက်ဆိုင်ရာ WBETH:ETH ငွေလဲနှုန်းအချိုးကို အခြေခံ၍ ၎င်းတို့၏ WBETH ကို ETH အဖြစ် ပြန်ယူနိုင်ပါသည်။
BETH ကိုင်ဆောင်သူများသည် ၎င်းတို့၏ BETH ကို ETH အဖြစ် 1:1 အချိုးဖြင့် ပြန်ယူနိုင်သည်။
Ethereum ကွန်ရက်ပေါ်တွင် လုပ်ဆောင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် နေ့စဉ် ခွဲတမ်းအပေါ် ကန့်သတ်ချက်ရှိကြောင်း သတိပြုစေလိုပါသည်။ ပြန်ယူချိန်မှာ အခြေအနေအရ ကွဲပြားနိုင်သည်။ ပို့ဆောင်ချိန်သိရှိရရန် ပြန်ယူမှု စာမျက်နှာကို ကြည့်ရှုပေးပါ။
12
ကျွန်ုပ် ပြန်ယူနိုင်သည့် ရင်းနှီးမြှုပ်နှံထားသော ETH အရေအတွက်ကို ကန့်သတ်ထားပါသလား။
ဟုတ်ပါသည်။ Ethereum ကွန်ရက်၏ နှုန်းထားကန့်သတ်မှု ပုံစံကြောင့် ရင်းနှီးမြှုပ်နှံသည့် ETH ပမာဏအကန့်အသတ်ကိုသာ နေ့စဉ် ရင်းနှီးမြှုပ်နှံခြင်းမှ ပြန်နုတ်ယူနိုင်သည်။ ကွန်ရက်မှရရှိသည့် ပမာဏပေါ်မူတည်၍ Binance ETH ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုပေါင်းငွေ စုစည်းမှုကို ပြန်ဖြည့်ပါသည်။
ထို့ကြောင့် Binance သုံးစွဲသူတိုင်းအတွက် နေ့စဉ်ရင်းနှီးမြှုပ်နှံမှု ETH ထထုတ်ယူမှုခွဲတမ်းကို သတ်မှတ်ပေးပါမည်။ တစ်ဦးချင်းအလိုက်ခွဲတမ်းသည် သုံးစွဲသူတစ်ဦးချင်းစီ၏ Binance Spot Wallet၊ Funding Wallet၊ Earn Wallet၊ Binance ချေးငွေ အပေါင်ခံ အကောင့်၊ Margin Wallet နှင့် ပိုင်ဆိုင်မှုချေးငွေအကောင့်တို့တွင် ETH ရင်းနှီးမြှုပ်နှံမှုအတွက် ယခင်က ကိုင်ဆောင်ထားသည့် ပျှမ်းမျှပမာဏအပေါ်တွင် အခြေခံထာသည်။
- လွန်ခဲ့သော 15 ရက်အတွင်း ပျမ်းမျှကိုင်ဆောင်မှု < -- ETH ရင်းနှီးမြှုပ်နှံမှု - အများဆုံး -- တစ်နေ့လျှင် ETH ရင်းနှီးမြှုပ်နှံမှု
- လွန်ခဲ့သည့် 15 ရက်အတွင်း ပျမ်းမျှကိုင်ဆောင်မှု >= -- ETH ရင်းနှီးမြှုပ်နှံမှု : သင့်တစ်နေ့လျှင် ETH ကိုင်ဆောင်မှု၏ အများဆုံး ပျမ်းမျှရင်းနှီးမြှုပ်နှံမှု --%။
သင်၏ ရင်းနှီးမြှုပ်နှံမှု ETH ကိုင်ဆောင်ခြင်း = WBETH ကိုင်ဆောင်ခြင်း * WBETH:ETH ငွေလဲနှုန်းအချိုး + BETH ကိုင်ဆောင်ခြင်း။
ဘလော့ချိန်းပေါ်ရှိ နေ့စဉ်ပြန်ယူနိုင်သော ခွဲတမ်းကို သုံးပြီးသည်နှင့် Binanceအနေဖြင့် ရင်းနှီးထားသော ETH ကို ကွန်ရက်မှ ပြန်နုတ်ယူ၍မရနိုင်သော မသေချာမှုရှိသည်ကို သတိပြုစေလိုပါသည်။ ဆိုလိုသည်မှာ နေ့စဉ်ပြန်ယူနိုင်သော ခွဲတမ်းပြန်မပေးမီအထိ BETH ကို ETH အဖြစ် ပြန်ယူနိုင်မည် မဟုတ်ပါ။ ကြိုတင်အသိမပေးဘဲ တစ်ကိုယ်ရေနေ့စဉ်ခွဲတမ်းကို ပြောင်းလဲနိုင်သည်။
13
ကျွန်ုပ်၏ ရယူခြင်းဆိုင်ရာ နေ့စဉ် ကိုယ်ပိုင်ခွဲတမ်းကို မည်သည့်အချိန်တွင် ပြန်လည်သတ်မှတ်မည်နည်း။
သင်၏ ETH ထုတ်ယူခြင်း ကိုယ်ပိုင်နေ့စဉ်ခွဲတမ်းအား 00:00 (--) တွင် ပြန်လည်သတ်မှတ်ထားပါသည်။
14
ပြန်လည်ရယူသည့် ပမာဏစုစုပေါင်းကို မည်သည့်အချိန်တွင် ပြန်ဖြည့်ပေးမည်နည်း။
ကွန်ရက်မှ Binance ၏ ပြန်နုတ်သည့် ETH ရင်းနှီးပမာဏအပေါ် မူတည်၍ မျှတစွာ ဖြန့်ချိမှုကို ဆက်လက်ထိန်းသိမ်းရန် ရယူမှု စုပေါင်းငွေကို တစ်နေလုံး ပြည်ဖြည့်ပါသည်။ သုံးစွဲသူများ အတွေ့အကြုံ အဆင်ပြေချောမွေ့စေရန် ပြန်ဖြည့်သည့်အချိန်နှင့် ခွဲတမ်းတို့ကို သင့်တော်သည့်အချိန်မှ လုပ်ဆောင်နိုင်ပါသည်။ ပြန်ယူချိန်၌ စုပေါင်းငွေအတွင်းရှိ ETH များကို အခြားသုံးစွဲသူများနှင့် မျှဝေရရှိပါမည်။
15
ကျွန်ုပ်၏ WBETH ကို ETH အဖြစ် ပြန်ယူပါက အဆိုပါ ETH ကို မည်သည့်အချိန်တွင် လက်ခံရရှိမည်နည်း။
ရယူရန် တောင်းဆိုချက်ကို တင်သွင်းပြီးနောက် -- ရက်အတွင်း သင်၏ Spot Wallet တွင် ရင်းနှီးမြှုပ်နှံမှု မပြုရသေးသော ETH ကို ရရှိပါမည်။
ETH ထုတ်ယူခြင်းအတွက် တန်းစီစောင့်ဆိုင်းရမည်ကို သတိပြုပါ။ ETH ငွေထုတ်တောင်းဆိုချက်များကို စီမံဆောင်ရွက်ရန် လိုအပ်သည့်အချိန်ကို ထုတ်ယူရန် တောင်းဆိုသည့် အချိန်ရှိ ETH ရင်းနှီးမြှုပ်နှံမှု ငွေထုတ်ယူခြင်းအတွက် တောင်းဆိုချက် အနည်းအများဖြင့် ဆုံးဖြတ်သည်။
ကြိုတင်အသိပေးခြင်းမရှိဘဲ စောင့်ဆိုင်းရမည့်ကာလကို ပြောင်းလဲနိုင်ပါသည်။
သို့သော် စောင့်ဆိုင်းကာလ ပြောင်းလဲမှုသည် နောက်ကြောင်းပြန်သက်ရောက်မည် မဟုတ်ပဲ စောင့်ဆိုင်းကာလ ပြောင်းလဲပြီးနောက် တင်သွင်းသည့် တောင်းဆိုချက်အသစ်များနှင့်သာ သက်ဆိုင်ပါသည်။ ဆိုလိုသည်မှာ ရယူရန် တောင်းဆိုချက် ပေးပို့ပြီးမှ သက်ရောက်ပါမည်။ သင်၏ ETH လက်ခံရရှိသည့်အချိန်မှာ ပုံသေဖြစ်ပြီး သင်၏ ငွေပေးငွေယူမှတ်တမ်းတွင် ရောက်ရှိချိန်ကို စစ်ဆေးနိုင်ပါသည်။
သင်၏ ETH ရင်းနှီးမြှုပ်နှံမှု အနေအထားကို ချက်ခြင်းဖြေလျှော့ရန် လိုအပ်ပါက သင်သည် BETH ကို WBETH အဖြစ် ပြောင်းလဲပြီး Binance Spot ဈေးကွက်တွင် WBETH ကို ရောင်းဝယ်နိုင်ပါသည်။
16
ကျွန်ုပ်၏ WBETH သို့မဟုတ် BETH ကို ETH အဖြစ် ပြန်ယူ/ရောင်းချပါက နေ့စဉ် ဆုလက်ဆောင်များကို ဆက်လက်ရရှိမည်လား။
မဟုတ်ပါ၊ သင် ပြန်ယူ/ရောင်းချထားသည့် WBETH သို့မဟုတ် BETH တစ်စိတ်တစ်ပိုင်းအတွက် နေ့စဉ်ဆုလက်ဆောင်များ ရရှိမည် မဟုတ်ပါ။
17
ကျွန်ုပ်၏ WBETH သို့မဟုတ် BETH ကို အခြားသူတစ်ဦးထံ ရောင်းချ/လွှဲပြောင်းပါက မည်သို့ဖြစ်မည်နည်း။
သင်၏ WBETH သို့မဟုတ် BETH ကို ရောင်းချ/လွှဲပြောင်းပါက သင် ရင်းနှီးမြှုပ်နှံထားသော ETH ၏ ပိုင်ဆိုင်မှုနှင့် သက်ဆိုင်ရာဆုလက်ဆောင်များ (စုစည်းထားသော ဆုလက်ဆောင်များနှင့် အနာဂတ်တွင်ရရှိမည့် ဆုလက်ဆောင်များ) ကို ဝယ်ယူသူထံ လွှဲပြောင်းပေးမည်ဖြစ်သည်။
18
စတင်ရယူရန် အတည်ပြုပြီးလျှင် ရပ်တန့်နိုင်ပါသလား။
မရပါ၊ ထုတ်ယူခြင်းလုပ်ငန်းစဉ်ကို နောက်ပြန်လှည့်၍မရပါ။ သို့သော် ရရှိလာသော ETH ကို WBETH အဖြစ် နောက်မှ ပြန်လည်လဲလှယ်ခြင်းဖြစ်စေ၊ လဲလှယ်ခြင်းဖြစ်စေ ဆောင်ရွက်နိုင်သည်။
View More